CHANNEL MANDALAY
Buy VIP
Backdrop
Poster

Kafir The Spirit Gate

2026 7.9 Horror

Review / Storyline

Kafir: The Spirit Gate (2026)

IMDb Rating (7.9)


Kafir: The Spirit Gate (2026) ဇာတ်ကားကတော့ ၂၀၁၈ တုန်းက ပရိသတ်တွေ အတော်လေး အကြိုက်တွေ့ခဲ့တဲ့ အင်ဒိုနီးရှား ထိတ်လန့်စရာ အောက်လမ်းကား Kafir: Bersekutu dengan Setan ရဲ့ အဆက်အနေနဲ့ ထွက်လာတဲ့ ဇာတ်ကားသစ်လေးပါ။

ဇာတ်လမ်းအကျဉ်းလေး ပြောပြရရင်...

လွန်ခဲ့တဲ့ ၈ နှစ်တုန်းက ဟာမန်ဆိုတဲ့ အမျိုးသားတစ်ယောက် အောက်လမ်းပညာကြောင့် ဆိုးဆိုးရွားရွား သေဆုံးသွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဇနီးဖြစ်သူ သီရိက သူ့သမီး ဒီနာ၊ သားဖြစ်သူ အန်ဒီတို့နဲ့အတူ ဘဝသစ်ကို အေးအေးချမ်းချမ်း ပြန်စဖို့ ကြိုးစားနေခဲ့ပါတယ်။ အန်ဒီကလည်း ရာနီဆိုတဲ့ ကောင်မလေးနဲ့ အိမ်ထောင်တောင် ကျနေပြီပေါ့။

တစ်ရက်ကျတော့ သီရိရဲ့အဖေဆီကနေ အမေအရမ်း နေမကောင်းဖြစ်နေတယ်ဆိုတဲ့ သတင်းဆိုး ရောက်လာပါတယ်။ အဲဒါနဲ့ သီရိတို့ မိသားစုလည်း အမေရှိရာကို သွားကြည့်ကြရင်းနဲ့ ဝိညာဉ်တံခါး (Gerbang Sukma) ပွင့်သွားပြီး မထင်မှတ်ထားတဲ့ အနိဋ္ဌာရုံတွေ စတင်လာပါတော့တယ်။ တကယ်တော့ သီရိ တစ်ချိန်လုံး ဖုံးကွယ်ထားခဲ့တဲ့ အတိတ်က အပြစ်တွေက အခုချိန်မှာ သူ့မိသားစု တစ်ခုလုံးကို ဒုက္ခပေးဖို့ ပြန်ပေါ်လာတာပါ။

သီရိတို့ မိသားစု ဒီတစ်ခါရော ကြောက်စရာကောင်းတဲ့ အသက်အန္တရာယ်ကနေ လွတ်မြောက်နိုင်ပါ့မလား... အတိတ်က သူတို့ ဘယ်လို အပြစ်တွေ လုပ်ခဲ့တာလဲ... ဆိုတာကို ရင်တမမနဲ့ ဆက်ကြည့်ရမယ့် ဇာတ်ကားလေးပါ။

အရင်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Azhar Kinoi Lubis ကပဲ ပြန်ရိုက်ကူးပေးထားတာမို့ အင်ဒိုနီးရှား ကျေးလက်အငွေ့အသက်တွေ၊ အောက်လမ်းပညာတွေနဲ့ ကြက်သီးထစရာ အကွက်တွေ အများကြီး ပါလာဦးမှာပါ။ သရဲကား၊ အောက်လမ်းကားတွေ ကြိုက်တဲ့သူတွေ လက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။