CHANNEL MANDALAY
Buy VIP
Backdrop
Poster

Peleliu Guernica of Paradise

2026 7.7 Animation

Review / Storyline

Peleliu ကျွန်းဆိုတာက အခုချိန်မှာတော့ ရေငုပ်သမားတွေရဲ့ သုခဘုံလို့တင်စားရလောက်အောင်ထိ လှပတဲ့ သဘာဝကျွန်းငယ်လေးပါ။ ဒါပေမဲ့ ဒုတိယကမ္ဘာစစ်ကာလတုန်းကတော့ အမေရိကန်နိုင်ငံက ဖိလစ်ပိုင်ကို ပြန်သိမ်းဖို့ လေယာဉ်ကွင်းရှိတဲ့ ဒီကျွန်းလေးဟာ အချက်အချာကျခဲ့ပြီး ၄ ရက်အတွင်း ပြန်သိမ်းပိုက်မယ်ဆိုပြီး ၃ လလောက်ကြာအောင် ဂျပန်နိုင်ငံနဲ့ လူပေါင်းများစွာ သွေးချောင်းအစီးဆုံး အကြမ်းတမ်းဆုံးတိုက်ပွဲတွေ ဖြစ်သွားခဲ့ရတဲ့ နေရာလေးတစ်ခုဖြစ်ပါတယ်။ ဒီ Anime ရုပ်ရှင်လေးက ဇာတ်ကောင်တွေကို Chibi စတိုင်လေးတွေနဲ့ ပုံဖော်ရေးဆွဲထားတာမို့ ချစ်စရာကောင်းပေမဲ့လည်း ဇာတ်လမ်းကြီးကတော့ ပျော်ရွှင်စရာကောင်းမနေပါဘူး။ ချစ်စရာကောင်းတဲ့ ဇာတ်ကောင်ပုံစံလေးတွေနဲ့ အကျည်းတန် ရုပ်ဆိုး ရက်စက်လှတဲ့ ငရဲခန်းလို စစ်ပွဲတွေကို ဆန့်ကျင်ဖက် ယှဉ်ပြထားတာမျိုး ဖြစ်ပါတယ်သူကတော့ စာရေးဆရာ Kazuyoshi Takeda ရဲ့ အဓိပ္ပာယ်နက်နဲလှတဲ့ မူရင်း Manga ကို အခြေခံပြီး ရိုက်ကူးဖော်ကျူးထားတာပါ။
ဇာတ်လမ်းအကျဉ်းလေးကတော့ စစ်ပွဲဆိုတာကို အာရုံမရှိပဲ အေးအေးဆေးဆေး ကာတွန်းဆရာဖြစ်ချင်တဲ့ Tamaru ဆိုတဲ့ ဂျပန်စစ်သားလေးနေရာကို ဦးစားပေး ဖော်ပြထားပါတယ်။ သိတဲ့အတိုင်း သူတို့တာဝန်ကျနေတဲ့အချိန်အတွင်း အမေရိကန်တပ်တွေက အားနဲ့အင်နဲ့ ဝင်စီးပြီး သိမ်းပိုက်ဖို့ လာကြတဲ့အချိန်မှာတော့ Tamaru တို့ ဂျပန်တပ်တွေ ဘယ်လို ခုခံကာကွယ်ကြသလဲ။အနုပညာစိတ်ကူး ကွန့်မြူးတဲ့ Tamaru အတွက် ဒီလို အနိဌာရုံတွေကြားမှာ သူ့ပညာလေးနဲ့ ဘယ်လိုတွေ အသုံးချခဲ့နိုင်မလဲဆိုတာလေးတွေ မြင်ရမယ်။ ရဲဘော်ရဲဘက်များနဲ့ စားစရာမရှိ ငတ်ပြတ်ပြိး ဘယ်လိုမျိုး အသက်ရှင်ရုန်းကန်ခဲ့ကြသလဲ။ ကိုယ့်အမိမြေမှာ မိသားစုတွေ ဘာတွေဖြစ်နေသလဲ မသိကြရပဲ ဒီတောကြီးမျက်မည်း ကျွန်းပေါ်မှာ ရက်ပေါင်းများစွာ လပေါင်းများစွာ နှစ်ပေါင်းများစွာ အမိမြေကို ကာကွယ်ဖို့ဆိုပြီး ကျန်ခဲ့ရတဲ့သူတွေရဲ့ ခံစားချက် အတွေ့အကြုံတွေကို ပုံစံတစ်မျိုးလေးနဲ့ ခံစားရမှာပဲ ဖြစ်ပါတယ်။
စစ်ပွဲနောက်ခံ ရုပ်ရှင်လေးဆိုပေမဲ့ စစ်ဆိုတာ မကောင်းတဲ့အကြောင်းကို ဖော်ပြချင်ပြီး စစ်ပွဲရဲ့ အတုအယောင်ဂုဏ်ပုဒ်တွေနောက်ကွယ်က လူသားတွေရဲ့ ပူဆွေးသောကကို မီးမောင်းထိုးပြထားတဲ့ Anime ရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်...။